The Evolution of Accountant
နိုင်ငံတကာတွင် စာရင်းကိုင်များ နှင့် ရုံးဝန်ထမ်းများ၏ လုပ်ကိုင်မှုပုံစံသည်တဖြေးဖြေးပြောင်းလဲလာလျက်ရှိ
ပါသည်။ အထူးသဖြင့် Covid-19 ကာလမှာ မြန်မာနိုင်ငံတွင်လည်း ထိုသို့ပြောင်းလဲမှုများကို တွေ့လာရပါသည်။
အရင်တုံးကလို ရုံးမှာ ရုံးချိန်တွင်းပဲလုပ်ရမည်ဆိုသည့် အမြင်များမရှိတော့ပဲ အိမ်ကနေ (သို့) အခြားတစ်နေရာမှ အလုပ်များကို Internet ကောင်းကောင်းရှိရုံဖြင့် အချိန်မရွေး၊ နေရာမရွေးလုပ်ကိုင်နိုင်ကြပြီဖြစ်ပါသည်။ တနည်းအားဖြင့် မိမိအချိန်ဘယ်လောက်ကြာကြာ အလုပ်လုပ်နေပါသည် ဆိုသည့်အရာသည် သိပ်အရေးမကြီးတော့ပဲ လုပ်ငန်းပြီးစီးမှုရလဒ်ကို တိုင်းတာသည့် စနစ် (Focus on outputs) ကို နိုင်ငံတကာလုပ်ငန်းအများစုတွင်ကျင့်သုံးလာကြသည်။
ထို့အတူ လုပ်ငန်းတွင်း ဌာနတစ်ခုနှင့်တစ်ခုကြား သတင်းအချက်အလက် မျှဝေမှုစနစ် သည် နည်းပညာများ၏အကူအညီများကြောင့် ပိုမိုမြန်ဆန်လာပြီး အခြားတစ်နေရာမှသတင်းအချက်အလက်ကို တစ်နေရာမှ ကိုယ်တိုင် Reports များကိုကြည့်ရှုနိုင်ပြီး လုပ်ငန်းတွင်းစွမ်းဆောင်ရည်ကိုပိုမိုမြှင့်တင်ပေးနိုင်ပါသည်။
ထိုသို့အခြေအနေပြောင်းလဲမှုများကို QNE Software ၏ Cloud Accounting Software နည်းပညာအကူအညီများဖြင့် ဖြည့်စည်းနိုင်ပြီဖြစ်ပါသည်။
QNE Software သည် Multinational Company ဖြစ်ပြီး မလေးရှား၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် အခြားသောနိုင်ငံများတွင် Service Centers များ ဖွင့်လှစ်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံကို ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။


