fbpx

Cloud Accounting Software Vs On-Premise Accounting Software

Cloud Accounting Software နှင့် On-Premise Accounting Software ဘာကွာလဲ ?

Tips for Accounting Software in Myanmar

Cloud Accounting Software Vs On-Premise Accounting Software

လုပ်ငန်းသေးသေး ကြီးကြီး စာရင်းပိုင်းကိုထိန်းသိမ်းရတာကတော့ မရှိမဖြစ်လုပ်ငန်းစဉ်တစ်ခုပါ။ အထွေထွေကုန်ကျစရိတ်တွေ အရှုံးအမြတ်စာရင်းတွေ ဆိုတာလုပ်ငန်းကြီးလာလျှင်ကြီးလာသလို လုပ်ငန်းရှင်တွေကို အမှန်တကယ်ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်အသေးစားလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေလျှင်တောင်မှ စာရင်းတွေကို Manual ကိုင်တွယ်ရာတွင် အမှားအယွင်းရှိမှာစိုးရိမ်နေကြမှာပါ။
စာရင်းတွေကိုက်မကိုက် သိနိုင်ဖို့ စာအုပ်စာတမ်းတွေ Calculator တွေမသုံးရတော့တဲ့အတွက် အဆင့်မြင့်လာတဲ့ Accounting Software နည်းပညာတွေကို သင့်အနေနဲ ကျေးဇူးတင်မိကောင်းတင်မိပါလိမ့်မယ်။

💡ကောင်းပါပြီ အခုပြောချင်တဲ့အကြောင်းအရာကတော့ မိမိလုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်စရာတွေထဲကမှ သင့်အတွက်ဘယ်ဟာကိုရွေးချယ်သင့်လဲ စဉ်စားနိုင်ဖို့ပါ။ ရွေးချယ်စရာကတော့ သာမန် On-premise software နှင့် Cloud-based solution ပဲဖြစ်ပါတယ်။
On-premise solution ဆိုတာကတော့ နှစ်စဉ်ကြေးပေးစရာမလိုပဲ Cloud-based solution ကတော့ လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေရှိပြီး mobile (သို့) Laptop ဖြင့် မိမိသွားလေရာမှာ အရောင်း/ အဝယ် အစရှိသဖြင့် Data များသွင်းနိုင်မှာဖြစ်သည့်အပြင် ကြည့်ချင်သော Report များကိုလည်းထုတ်ကြည့်နိုင်မှာဖြစ်ပါတယ်။
Budget
On-premise accounting software ကို အသုံးပြုမယ်ဆိုလျှင် Budget ကိုစဉ်းစားရပါမယ်။ မိမိလုပ်ငန်းသည်ရေရှည်လုပ်ငန်းဖြစ်သောကြောင့် မိမိ Data တွေလုံခြုံဖို့အတွက် Server အတွက်ရင်းနှီးရတာတွေ Maintenance ပြုလုပ်ဖို့ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။
Cloud-based accounting software မှာဆိုရင်တော့ မိမိအသုံးပြုမယ့် Laptop (သို့) Tablet ပဲလိုအပ်မှာဖြစ်ပြီး သင့်၏ Data တွေကို စိတ်ချရတဲ့ Cloud မှာသိမ်းဆည်းထားတာကြောင့် Server အတွက် Maintenance အတွက်ရင်းနှီးစရာမလိုတော့တာကြောင့် ရေရှည်မှာ ကုန်ကျစရိတ် သိသိသာသာကွာသွားမှာဖြစ်ပါတယ်။
Downtime
On-premise software များသည် မိမိကိုယ်ပိုင် Server မှာ အသုံးပြုထားတာဖြစ်သောကြောင့် တစ်ခါတစ်လေမမျှော်လင့်ထားသော Server (သို့) network device ချို့ယွင်းမှု၊ Maintenance ပြုလုပ်မှုတို့ကြောင့် ယာယီအသုံးပြုလို့မရတာ ဖြစ်နိုင်ပါတယ်။
Cloud Based Solution ကတော့ Maintenance လုပ်စရာမလိုတာကြောင့် Downtime မရှိသလောက်ပါပဲ။
Losing Data
Cloud Based Solution သည် မီး၊ရေ၊လေ သဘာဝဘေးအန္တရယ်ကြောင့် Data တွေပျက်စီးရမှာ စိတ်ပူစရာမလိုလောက်အောင် မိမိ Data တွေကို များစွာသော Backup Server တွေမှာ ထိန်းသိမ်းထားသောကြောင့် လွယ်လွယ်ကူကူ အချိန်မရွေးပြန်ရယူနိုင်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်း Productivity နှင့် ဝင်ငွေကိုထိခိုက်မှုမဖြစ်စေနိုင်ပါဘူး။
Update Time
Cloud Based Solutions ကို အသုံးပြုခြင်းဖြင့် automatics update ဖြစ်နိုင်ပြီး မိမိ၏ Data တွေအတွက်လုံခြုံမှုရှိတဲ့အပြင် Virus ရန်မှလည်းကင်းဝေးစေမှာဖြစ်ပါတယ်။ Accounting Software Vendor ကလည်း သူတို့၏ Accounting Software အဆင်ပြေပြေအသုံးပြုနိုင်အောင် သူတို့ Company ၏ IT သမားကို သင့်လုပ်ငန်းအတွက်အကူအညီပေးဖို့တာဝန်ပေးမှာဖြစ်တာကြောင့် သင့် IT သမားသည် သင့်လုပ်ငန်း၏တခြားကိစ္စများကိုပိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
QNE Cloud Accounting Software သည် အခြားသော အပိုကုန်စရိတ်များကိုလျော့ချနိုင်သောကြောင့် ရေရှည်မှာများစွာသိသာလာမှာဖြစ်သည့်အပြင် ကိုယ့်လုပ်ငန်းအတွက် ရေရှည်ဗျူဟာများအပေါ် ပိုအာရုံစိုက်စေနိုင်မှာဖြစ်ပါတယ်။

60 Days Free Accounting Software License Yangon

သင့်လုပ်ငန်းအတွက် Free Consultation နှင့် ရက် (၆၀) Accounting Software License ကို အခုပဲလျောက်ထားနိုင်ပါပြီ။

Apply Now!

===
နည်းပညာ၏ အကျိုးကျေးဇူးများကိုသိရှိပြီး မိမိစီးပွားရေးလုပ်ငန်းအတွက် အခွင့်အရေးများကို QNE Software ၏ အကူအညီဖြင့် အရယူလိုက်ပါ။
Phone: 09-77 818 4449
www.qne.com.mm