What is SSB ? SSB Calculation
SSB ဆိုတာ Social Security Board ဖြစ်ပြီး လူမှုဖူလုံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့မှာ မှတ်ပုံတင်ထားပြီးသော ဝန်ထမ်း နာမကျန်းမှု၊အလုပ်ခွင်ထိခိုက်ဒဏ်ရာရမှုနှင့် မီးဖွားမှု စတဲ့ ဒုက္ခတွေကြုံတွေ့ရသည့်အခါ ဝန်ထမ်း နှင့် မှီခိုသူမိသားစုအတွက် အကျိုးရှိအောင် အခက်အခဲမရှိအောင် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ငွေကြေးထောက်ပံ့မှုများရရှိအောင်စီစဉ်ထားတာဖြစ်ပါတယ်။
လူမှုဖူလုံရေးအာမခံ အကျိုးခံစားခွင့်တွေထဲကမှ အချို့မှာ
– အာမခံရန်ပုံငွေထည့်ဝင်ကြေး အနည်းဆုံး ၃၆ လပေးသွင်းထားသောအလုပ်သမားသည် သားသမီးပညာစရိတ်ခံစားခွင့်၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါ တစ်နှစ်အတွင်း ပျမ်းမျှလစာရဲ့ ၄၀% နှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်မှတ်ချက်နဲ့အညီ အကျိုးခံစားခွင့်ရှိပါတယ်။
– လူမှုဖူလုံရေးအာမခံထားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် သတ်မှတ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသခွင့်ရရှိမှာဖြစ်ပြီး မီးဖွားခွင့် စုစုပေါင်း ၁၄ ပတ်ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် လစာရဲ့ ၇၀%ကိုခံစားခွင့်ရမှာဖြစ်ပြီး မီးဖွားပြီးတစ်နှစ်အထိ ကလေးကိုဆေးကုသခွင့်ရရှိမှာဖြစ်ပါတယ်။
– ယာယီမသန်စွမ်းမှုနဲ့ဆိုင်တဲ့ အကျိုးခံစားမှုအတွက် လေးလအတွင်းက ပျမ်းမျှလုပ်ခရဲ့ ၇၀% ကို အများဆုံး ၁၂ လအထိခံစားခွင့်ရှိပါတယ်။
– သက်ပြည့်အငြိမ်းစားငွေကြေးအကျိုးခံစားခွင့်တွေအနေနဲ့ ထည့်ဝင်ကြေး လပေါင်း ၁၈၀ ပေးသွင်းပြီးပါက ပျမ်းမျှလစာ တစ်လစာရဲ့ ၁၅ ဆကိုခံစားခွင့်ရရှိမှာဖြစ်ပါတယ်။
အာမခံ အလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုအဆင်ပြေစေ ရန် လူမှုဖူလုံရေးအဖွဲ့၏ အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ ဆေးခန်း (၉၆)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၂)စီးတို့အပြင် ပြင်ပပုဂ္ဂလိ က ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ PPS စနစ် (Capitation Payment) ဖြင့် ဖွင့်လှစ်သည့် လူမှုဖူလုံရေးဆေးခန်း(၇) ခန်း၊ PPS စနစ် (Fee for Service Payment) ဖြင့် ဖွင့်လှစ်သည့် ဆေးခန်း (၇)ခန်း၊ အဆိုပါ ဆေးခန်း (၇)ခန်းအနက် (၅)ခန်းတွင် သားဖွားမီးယပ် OPD ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဒါကြောင့် အလုပ်ရှင်က ၃% နှင့် အလုပ်သမားက ၂% လစာဝင်ငွေပေါ် အချိုးကျတွက်ပြီး လူမှုဖူလုံရေးအာမခံကြေးကို လစဉ်ပေးသွင်းရပါတယ်။ (မှတ်ချက်။။ ၃ သိန်းထက်ပမပိုသော လစာဝင်ငွေသာ)
SSB တွက်ချက်ပုံမှာ
အများဆုံးဖြစ်သော လစာ ၃ သိန်းပေါ်မှာတွက်ချက်ပြထားပါတယ်။
လုပ်ငန်းတိုင်းမှာ အရေးပါတဲ့ SSB တွေ၊ Personal Income Tax တွေ၊ ခွင့်ရက်တွေ၊ Payroll တွေကို လွယ်ကူလျှင်မြန်စွာ တွက်ချက်စီမံခန့်ခွဲ့နိုင်ဖို့ QNE Cloud Payroll Software က ကူညီနိုင်ပါတယ်။
အသေးစိတ်သိလိုလျှင် QNE Cloud Payroll & HR Software ၊ myanmar@qne.com.my နှင့် 09778184449 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
လူမှုဖူလုံရေးအဖွဲ့၏ ကြေငြာချက်အသစ်များကို သိရှိလိုလျှင် Social Security Board တွင်လေ့လာနိုင်သည်။
Zawgyi Font
SSB ဆိုတာ Social Security Board ျဖစ္ၿပီး လူမႈဖူလုံေရးအဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။
လူမႈဖူလုံေရးအဖြဲ႕မွာ မွတ္ပုံတင္ထားၿပီးေသာ ဝန္ထမ္း နာမက်န္းမႈ၊အလုပ္ခြင္ထိခိုက္ဒဏ္ရာရမႈႏွင့္ မီးဖြားမႈ စတဲ့ ဒုကၡေတြႀကဳံေတြ႕ရသည့္အခါ ဝန္ထမ္း ႏွင့္ မွီခိုသူမိသားစုအတြက္ အက်ိဳးရွိေအာင္ အခက္အခဲမရွိေအာင္ က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္ ေငြေၾကးေထာက္ပံ့မႈမ်ားရရွိေအာင္စီစဥ္ထားတာျဖစ္ပါတယ္။
လူမႈဖူလုံေရးအာမခံ အက်ိဳးခံစားခြင့္ေတြထဲကမွ အခ်ိဳ႕မွာ
– အာမခံရန္ပုံေငြထည့္ဝင္ေၾကး အနည္းဆုံး ၃၆ လေပးသြင္းထားေသာအလုပ္သမားသည္ သားသမီးပညာစရိတ္ခံစားခြင့္၊ သဘာဝေဘးအႏၲရာယ္ႀကဳံေတြ႕တဲ့အခါ တစ္ႏွစ္အတြင္း ပ်မ္းမွ်လစာရဲ႕ ၄၀% ႏွင့္ ကယ္ဆယ္ေရးပစၥည္းမ်ားကို သက္မွတ္ခ်က္နဲ႔အညီ အက်ိဳးခံစားခြင့္ရွိပါတယ္။
– လူမႈဖူလုံေရးအာမခံထားသူ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ သတ္မွတ္ထားတဲ့ ေဆး႐ုံ၊ ေဆးခန္းေတြမွာ ေဆးကုသခြင့္ရရွိမွာျဖစ္ၿပီး မီးဖြားခြင့္ စုစုေပါင္း ၁၄ ပတ္ရရွိမွာျဖစ္ပါတယ္။ ဒါ့အျပင္ လစာရဲ႕ ၇၀%ကိုခံစားခြင့္ရမွာျဖစ္ၿပီး မီးဖြားၿပီးတစ္ႏွစ္အထိ ကေလးကိုေဆးကုသခြင့္ရရွိမွာျဖစ္ပါတယ္။
– ယာယီမသန္စြမ္းမႈနဲ႔ဆိုင္တဲ့ အက်ိဳးခံစားမႈအတြက္ ေလးလအတြင္းက ပ်မ္းမွ်လုပ္ခရဲ႕ ၇၀% ကို အမ်ားဆုံး ၁၂ လအထိခံစားခြင့္ရွိပါတယ္။
– သက္ျပည့္အၿငိမ္းစားေငြေၾကးအက်ိဳးခံစားခြင့္ေတြအေနနဲ႔ ထည့္ဝင္ေၾကး လေပါင္း ၁၈၀ ေပးသြင္းၿပီးပါက ပ်မ္းမွ်လစာ တစ္လစာရဲ႕ ၁၅ ဆကိုခံစားခြင့္ရရွိမွာျဖစ္ပါတယ္။
အာမခံ အလုပ္သမားမ်ားအား က်န္းမာေရး ေစာင့္ေရွာက္မႈ ပိုမိုအဆင္ေျပေစ ရန္ လူမႈဖူလုံေရးအဖြဲ႕၏ အလုပ္သမားေဆး႐ုံႀကီး (၃)႐ုံ၊ ေဆးခန္း (၉၆)ခန္း၊ တိုင္းရင္းေဆးကုခန္း(၁)ခန္း၊ ေ႐ြ႕လ်ားေဆးကုသယာဥ္ (၂)စီးတို႔အျပင္ ျပင္ပပုဂၢလိ က ေဆးခန္းမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆို၍ PPS စနစ္ (Capitation Payment) ျဖင့္ ဖြင့္လွစ္သည့္ လူမႈဖူလုံေရးေဆးခန္း(၇) ခန္း၊ PPS စနစ္ (Fee for Service Payment) ျဖင့္ ဖြင့္လွစ္သည့္ ေဆးခန္း (၇)ခန္း၊ အဆိုပါ ေဆးခန္း (၇)ခန္းအနက္ (၅)ခန္းတြင္ သားဖြားမီးယပ္ OPD ဝန္ေဆာင္မႈေပးျခင္းမ်ား ေဆာင္႐ြက္ေပးလ်က္ ရွိပါသည္။
ဒါေၾကာင့္ အလုပ္ရွင္က ၃% ႏွင့္ အလုပ္သမားက ၂% လစာဝင္ေငြေပၚ အခ်ိဳးက်တြက္ၿပီး လူမႈဖူလုံေရးအာမခံေၾကးကို လစဥ္ေပးသြင္းရပါတယ္။ (မွတ္ခ်က္။။ ၃ သိန္းထက္ပမပိုေသာ လစာဝင္ေငြသာ)
SSB တြက္ခ်က္ပုံမွာ
အမ်ားဆုံးျဖစ္ေသာ လစာ ၃ သိန္းေပၚမွာတြက္ခ်က္ျပထားပါတယ္။
လုပ္ငန္းတိုင္းမွာ အေရးပါတဲ့ SSB ေတြ၊ Personal Income Tax ေတြ၊ ခြင့္ရက္ေတြ၊ Payroll ေတြကို လြယ္ကူလွ်င္ျမန္စြာ တြက္ခ်က္စီမံခန႔္ခြဲ႕ႏိုင္ဖို႔ QNE Cloud Payroll Software က ကူညီႏိုင္ပါတယ္။
အေသးစိတ္သိလိုလွ်င္ QNE Cloud Payroll & HR Software ၊ myanmar@qne.com.my ႏွင့္ 09778184449 သို႔ ဆက္သြယ္စုံစမ္းႏိုင္ပါတယ္။
လူမွဳဖူလုံေရးအဖြဲ႕၏ ေၾကျငာခ်က္အသစ္မ်ားကို သိရွိလိုလွ်င္ Social Security Board တြင္ေလ့လာႏိုင္သည္။